သတင်းများ

စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနရုံးတွင် ယနေ့မွန်းတည့်ချိန် ၁၂ နာရီတွင် တောင်သူများထံ ပေးအပ်ကြောင်း သိရသည်။
ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Jul 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်တွင် စာဖတ်ရှိန်မြင့်မားရေး ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုနိုင်စေရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီက  ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 17,2024
သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး‌ ဟောပြောပွဲ ကျင်းပ
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက  ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
မအူပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့ စောင့်ရှောက်ခြင်းကို ယနေ့ နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီမှစ၍ သံလျှက်မော်တောင် ရပ်ကွက်၊ အမှတ် (၁၈) အ.ထ.ကတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။