ရွှေဘိုမြို့(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်​ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

​ရွှေဘို ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း​ရွှေရတုခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်​ဆောင်းပါးပြိုင်ပွဲများကို ယ​နေ့နံနက်၁၀ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အာဇာနည်​နေ့မှသည်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ​တော်သစ်ဆီသို့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့် လူငယ်တို့၏ တာဝန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အ​လေးအမြတ်ဂုဏ်ပြုအပ် အာဇာနည်နေ့မြတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "အာဇာနည်ဟု​ခေါ်သည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "မြင့်မြတ်တည်ကြည် အာဇာနည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်​ ဆောင်းပါးပြိုင်ပွဲတွင် "အမျိုးသား​ရေးတာဝန်​နှင့် အာဇာနည်စိတ်ဓါတ်" ခေါင်းစဥ်ဖြင့်လည်းကောင်း မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ ​ကျောင်းသား၊​ ကျောင်းသူ စုစု​ပေါင်း(၁၄၄)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့​​ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် မြို့နယ်ပညာ​ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် ဆရာ/မများ၏ ကြီးကြပ်မှုဖြင့် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား/သူများအား (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်ပြန်/ဆက်