နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးဟောပြောပွဲ ပြုလုပ်

နတ်မောက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးမှူး(၁) ဆရာမဒေါ်ရီရီငြိမ်းနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဆရာမ ဒေါ်ခင်စန်းတင့်တို့က အစာအုပ်စု(၃)မျိုး၊ ကိုဗစ်ရောဂါ၊ အနာကြီးရောဂါ၊ ပြင်းထန်သည့် ကာလဝမ်းရောဂါ၊ အသဲရောင်အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် သွားသန့်ရှင်းရေးအကြောင်းအရာများ၊ မျိုးဆက်ပွားအကြောင်း သိကောင်းစရာများကို ကျောင်းသား/သူများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်ကျန်းမာရေးဌာနရှိ ဆရာမများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း