သရက်မြို့၌ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သရက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ယမန်နေ့ညနေ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အခြေခံပညာကျောင်းစာကြည့်တိုက်များတွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်လာရောက်၍ စာပေဖတ်ရှုမှု၊ စာအုပ်စာစောင်များအား စနစ်တကျ စာရင်းရေးသွင်း၍ ထိန်းသိမ်းထားရှိမှုနှင့် စာကြည့်တိုက် အပြင်အဆင်အထားအသို စနစ်တကျထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်တာဝန်ခံဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)