ဆိပ်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်

ဆိပ်ဖြူ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယောဝရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊  ရွာသစ်ရပ်ကွက်နှင့် ကျေးရွာ(၁၄)ရွာမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဆိပ်ဖြူမြို့နယ်ရှိ မြို့ပေါ်(၄)ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု(၂၈၆)စု၊ လူဦးရေ(၁၁၄၀)ဦး ကျေးရွာ(၁၄)ရွာမှ ရေဘေးသင့်အိမ်ထောင်စု(၅၈၁)စု၊ လူဦးရေ(၂၇၁၈)ဦးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေကျပ်(၈၁၀၁၈၀၀/-)ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ညွန့်နန္ဒာတင်