အောင်မြေသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်းတွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိတ် ခုနစ်သိန်း စိုက်ထည့်

အောင်မြေသာစံ  ဇူလိုင် ၂၃

ဧရာဝတီမြစ်တွင်း ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ၂၂လမ်းနှင့် ၂၆ လမ်းကြားရှိ မရမ်းခြံဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်

အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသံချောင်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝင်းမျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆန်းထွန်းလင်းနှင့်တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေ၊ ငါးလုပ်ငန်းသရက်ကုန်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနောင်ဝင်း၊ ငါးလုပ်ငန်း နတ်ရေကန်စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း ၂ သိန်း၊ ငါးခုံးမ ၄ သိန်း၊ ရွှေဝါငါးချင်း ၁ သိန်း စုစုပေါင်း ငါးမျိုးစိတ် ၇ သိန်းအား စုပေါင်းစိုက်ထည့်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)