ဆင်ပေါင်ဝဲမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ဆင်ပေါင်ဝဲ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီက မြို့မစျေးအပြင်ရှိ မိဘဂုဏ်ဆီစက်နှင့် သီးနှံစုံရောင်းဝယ်ရေး ကုန်စုံဆိုင်၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စားသုံးဆီများရောင်းချရာတွင် လူတစ်ဦးလျှင် စားသုံးဆီ (၁)ပိဿာကို ငွေကျပ် (၆၂၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပူးပေါင်းကြီးကြပ်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)