မိုင်းယု ဇူလိုင် ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယနေ့န့နက်ပိုင်းက စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။
သုတ၊ ရသစာအုပ်များကိုယူဆောင်ပြီး စာဖတ်သူများ စနစ်တကျ ငှားရမ်းနိုင်ရေးအတွက် ခင်းကျင်းပြသပေးပြီး စာဖတ်သူတစ်ဦးလျှင် သုတ/ရသ(၂)အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး ငှားရမ်းဖတ်ရှုပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများကို နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်