မော်လမြိုင် ဇူလိုင် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲတို့တွင် ယမန်နေ့က လေထုညစ်ညမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းခြင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အိန္ဒြအောင်နှင့် ဒုတိယဦးစီးမှူးဦးလင်းထက်တို့က လေထုညစ်ညမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းခြင်း ပတ်ဝန်းကျင်အကြောင်းသိကောင်းစရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)