ဆင်ပေါင်ဝဲ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၂) ရပ်ကွက်အတွင်းရှိ ရေဘေးရှောင်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုများပြုလုပ်ပေးခြင်း၊ ဆေးဝါးများထောက်ပံ့ပေးခြင်း၊ လက်သန့်ဆေးရည်ဘူးများနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)