ရပ်စောက်မြို့နယ်တွင် သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများအား သွင်းအားစုများပံ့ပိုးပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရပ်စောက် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုတို့မှ နောင်မိုင်းမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများ၏ (၁၅၆) ဧကအတွက် (၃၁၂) သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းမှ ထုတ်လုပ်သော စွမ်းထက်ဓာတ်မြေဩဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေးအတွက် စပါးတစ်ဧကတွင် ငွေကျပ် (၂) သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများရောင်းချရာ၌လည်း သက်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)