သတင်းများ

မင်းဘူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း (၆၀၀,၀၀) ထုတ်ချေးရန်လျာထား
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မင်းဘူးခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယမန်နေ့နံနက် (၁၀) နာရီအထိ ငွေ (၈၂၀၄.၅၀) ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
စနစ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စနစ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရွာသူ၊ရွာသားများ မိုးစပါးစုပေါင်းကောက်စိုက်ပွဲ ကျင်းပ
Jul 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာရှိ တောင်သူ ဦးစိုးနိုင်၏ လယ်မြေ (၅) ဧက၌ ဆင်းသုခ မိုးစပါးမျိုးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရွာသူ၊ရွာသားများ ပူးပေါင်း၍ မိုးစပါးစုပေါင်းကောက်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲ ကျင်းပ
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ သင်ပန်းကုန်းရပ်ကွက်၊ မိခင်နှင့်ကလေး‌ဆေးပေးခန်း၌ ကျင်းပခဲ့သည်။
ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်
Jul 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  မြို့နယ်မှစာရေးဆရာများနှင့် ကျောင်းသားလူငယ်များ ပါဝင်သော  ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ သစ်တောထိန်းသိမ်း‌ရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ သစ်တောထိန်းသိမ်းရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အ.ထ.က(၂) ရတနာခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အ.မ.က(မြို့သစ်)၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2024
ကော့မှူးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (မြို့သစ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။