သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိတဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲ တက်ရောက်လောင်းလှူပူဇော်
Jul 24,2024
ဝီသတိမ (၂၀) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၄) နာရီခွဲအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ (ဒေါ်လှယဉ်ဓမ္မာရုံ) ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။
ကျောက်ဆည်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ တိုင်းရင်းဆေးဦးစီးဌာနနှင့် ​မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တွင် အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား ယမန်နေ့ မွန်းတည့် (၁၂) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 24,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ် ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်ရှိ အန္တရာယ်ရှိသောနေရာများအား သတိပေးဆိုင်းဘုတ်များစိုက်ထူ
Jul 24,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်ရှိ အန္တရာယ်ရှိသောနေရာများအား သွားရောက်ရေကစားခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရေတံခွန်များ၌ စတင်ပြုလုပ်ခဲ့သည်။
ကံမမြို့၊ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ ပြည်သူ့ဆေးရုံ၌ အသက် (၆၀) နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ် စစ်ဆေး ကုသပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ယနေ့နံနက် ၁၀ နာရီက (ဇ) ရပ်ကွက်၊ စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။