ဒဂုံမြောက် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စနစ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် စနစ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းသဘာပတိ ဦးမြသန်းက ဆောင်ရွက်လျက်ရှိသော သမဝါယမလုပ်ငန်းဆိုင်ရာများအကြောင်းနှင့် ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားအတည်ပြုခဲ့ပြီးနောက် အသင်းသားများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစုပေါ်အမြတ်ငွေ အသင်းသူ၊ အသင်းသားများ(၄၃၃)ဦးအတွက် (၄၄၀၁၀၀၀/-)ကျပ် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများအား အသင်းသားများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)