မြန်အောင် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရှိ ယာယီရေဘေးရှောင်စခန်း(၃)ခုတွင် ယမန်နေ့က ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌ ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းများတွင် လာရောက်နေထိုင် ကြသည့် ယာယီရေဘေးရှောင် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူး ဦးတင်မြိုင်နှင့်မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်တို့၏ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ယာယီရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)