အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန(ဝန်ထမ်းအိမ်ရာ)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရန်ကုန် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန(ဝန်ထမ်းအိမ်ရာ)သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များ ငှားရမ်းပေးပြီး၊ ယခင်ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်းစာရင်းသွင်းခြင်းနှင့် အသစ်ပြန်လည်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးသည် မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)