မြောက်ဥက္ကလာပ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က သုနန္ဒာလမ်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင်ဦးစီးတပ်ဖွဲ့ဝင်များမှ သုနန္ဒာလမ်းမပေါ်တွင် ဖြတ်သန်းမောင်းနှင်ကြသည့် ယာဥ်မောင်း (၉၅)ဦးတို့အား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းပညာပေးခြင်း၊ Taxi ယာဥ်မောင်းများအား Quick Win စီမံချက်ပါအတိုင်း ထိုင်ခုံခါးပတ်ပတ်၍ ယာဥ်မောင်းနှင်ရန်၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းအသုံးမပြုရန်၊ အရက်သေစာသောက်စား၍ ယာဥ်မောင်းနှင်ခြင်းမပြုရန်တို့အား ပညာပေးဟောပြောခြင်း၊ ယာဥ်/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြမြဝင်း (ပြန်/ဆက်)