မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မိုင်းစံ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ရွှေသွေးဂျာနယ်အတွဲ(၅၆)၊ အမှတ်(၁၉)မှ ကာတွန်းကြယ်ကြယ်၏ "အမှန်တရားနဲ့ရိုးသားခြင်း" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Grade-6 မှ  မောင်ရဲရင့်ဦးက  ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၈)မှ ကာတွန်းကြယ်ကြယ်၏ "ဖြိုးရဲ၏သတ္တိ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ မသင်းရနံ့လှိုင်က ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၈)မှ စာရေးသူ "ထက်ဝေအောင်" (စစ်ကိုင်း)၏  "ပြိုင်ပွဲဝင်စိတ်ဓာတ်" ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)