မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်မိုးစပါး (၆၄၁၁၂) ဧက စိုက်ပျိုးရန်လျာထား

မြို့သစ် ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၆၄၁၁၂)ဧကလျှာထားခဲ့ပြီး ယနေ့အထိ ဧက(၃ဝဝဝဝ)ကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။

မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာဖြင့်လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန ကောက်စိုက်စက်ဖြင့်လည်း‌ကောင်း ကူညီစိုက်ပျိုးပေးလျက်ရှိသည်။

၂၀၂၄/၂၀၂၅-ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေ သဘာဝအလိုက်ဧက(၃ဝဝဝဝ)ကျော်အား စိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ရက်ကိုးဆယ်၊ ဗီယက်နန်၊ ထိုင်းနှံကောက်၊ YSR-1  စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)