တပ်ကုန်းမြို့နယ်၌ စားသုံးဆီအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေး

တပ်ကုန်း ဩဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဦးအောင်သူဖြိုး (ရွှေကလပ်ကုန်စုံဆိုင်)မှ စားသုံးဆီလိုအပ်သည့် ပြည်သူများကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါကုန်စုံဆိုင်တွင် ကျေးရွာအုပ်စုခြောက်အုပ်စုမှ လက်လီရောင်းချသောဆိုင်များနှင့် အောင်ဇေယျရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအတွက် စုစုပေါင်းဆီပိဿာချိန် ၅၅၀ ပိဿာကို တစ်ပိဿာလျှင် ၆၂၂၅ ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

တင်စိုးလွင်