မအူပင် ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျွဲလမ်းကြီး-စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာမြင့်ဦးဆောင်မှုဖြင့် စီမံကိန်းတာဝန်ခံများမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၌ ကျွဲလမ်းကြီး-စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် အတိုးရငွေ ကျပ် (၁၀.၀) သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃.၀) သန်း၊ စုစုပေါင်းကျပ် (၁၃.၀) သန်းဖြင့် (၁၀၀၀’x၆’x၆”) ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကူညီစောင့်ရှောက်ကြရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ လမ်းကော်မတီဝင်များနှင့် ရပ်မိရပ်ဖများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)