စမ်းချောင်း ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ၀န်ထမ်းများသည် အမှတ် ၁၅ အခြေခံပညာမူလတန်းကျောင်းနှင့် သုံးပွင့်ဆိုင်မူကြိုကျောင်းများသို့သွားရောက်၍ ပြင်းထန်၀မ်းပျက် ၀မ်းလျောရောဂါအကြောင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်များဖြည့်စွတ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)