စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောပွဲ ကျင်းပပြုလုပ်
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို လူငယ်လူရွယ်များဖြစ်သည့် ကျောင်းသား/ ကျောင်းသူများ အကျယ်တဝင့် သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းအေခြခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။