ကလော ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက သမာဓိအကျိုးဆောင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၈၆၆ ဦးစာရင်းရှိပြီ ၄၃၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမာဓိအကျိုးဆောင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးမဝါယမအသင်း(လီမီတက်) သဘာပတိအသင်းဥက္ကဋ္ဌ ဦးထွန်းဝေနှင့်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အသင်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အသင်း၏ တာဝန်ရှိသူများက သမာဓိအကျိုးဆောင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိအသင်းဥက္ကဋ္ဌ ဦးထွန်းဝေက အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)