နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေကျဆင်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး

နေပြည်တော် ဩဂုတ် ၂၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငလိုက်ချောင်းဘေးရှိ ယောက်သွားအင်းကျေးရွာအုပ်စုအတွင်းရှိ ချောင်းရေများဝင်ရောက်မှုကြောင့် ယောက်သွားအင်းဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထား သည့် ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး နေလယ်စာထမင်းဗူးများကို ဝေငှပေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ပျဉ်းမနားမြို့၊ ရွှေချီ(၉)လမ်းတံတာနှင့် (၂)လမ်းတံတားသို့ သွားရောက်ပြီး  ငလိုက်ချောင်းအတွင်း ချောင်းရေပြန်လည် ကျဆင်သွားမှု အခြေအနေကိုကြည့်ရှုပြီး ချောင်းအတွင်း ရေမြင့်တက်မှုကြောင့်ပါရှိလာသည့် အမှိုက်အား ရှင်းလင်းရန် နှင့် ရေစီးရေလာကောင်းမွန်းရေးအတွက် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်း၍ ငလိုက်ချောင်းရေမြင့်တက်လာပြီး ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်း ရေများဝင်ရောက်လာမှုအခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး ယာယီပြောင်းရွှေ့ နေရာချထားသည့် ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ရေဘေးကြောင့် နောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအသောက်များကို အထူးကရုပြု နေထိုင်စားသောက်ကြရန်လိုအပ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေ များနှင့် ဒေသခံပြည်သူများအား မိုးလေဝသသတင်းများ၊ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ကူးတိုးဆိပ်ကျေးရွာ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် စာကြည့်တိုက်အဆောက်အအုံအသစ် တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင် ကျေးရွာရှိ ပေါင်းလောင်းမြစ်ကမ်းသို့ရောက်ရှိပြီး ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမင်းသူက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး မီးသတ်ဦးစီးဌာနအား ကယ်ဆယ်ရေး ဝတ်စုံ ၁၀ စုံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ငလိုက်ချောင်းနှင့် ဆင်သေချောင်းတို့ဆုံပြီး ပေါင်းလောင်းမြစ်အတွင်း ရေများစီးဆင်းမှုကြောင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာကာ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေ အနေများနှင့် ရေဝင်ရောက်သည့်နေအိမ်များမှ ပြည်သူများအတွက် သောက်သုံးရေသန့်ရရှိသုံးစွဲ နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)