သတင်းများ

ရန်ကင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့ အမှတ် (၄) အခြေခံပညာအလယ်တန်း‌ကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ကြံခင်းမြို့နယ်(အ.ထ.က)ခွဲ ထိန်ပင်မြောင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ်၊ (အ.ထ.က)ခွဲ ထိန်ပင်မြောင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 02,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မူလွန် (ဘူတာ) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
မိုင်းတုံမြို့နယ်ရှိ မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်‌‌ဆေး
Feb 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု+ပြည်နယ်ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေ (၄၆၃.၂၅)သန်းဖြင့် မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း အရှည် ၂ မိုင် ၁ ဖာလုံ၊ လမ်းအကျယ်(၁၂)ပေ လမ်းထု(၉)ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး
Feb 02,2024
ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများ ဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ အ.လ.က(ခွဲ)ကျောင်းနှင့် ရိုးခွကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တပ်ကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်မင်းရောင်တွင် အခြေခံမြန်မာ့ရိုးရာ သိုင်းသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
Feb 02,2024
တပ်ကုန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်မင်းရောင်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြို့နယ်အဆင့် အခြေခံမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လည် ၁ နာရီက D.YEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
မုဒုံမြို့နယ်တွင် သဘာဝချည်ဆိုးဆေးနည်းသင်တန်းဖွင့်လှစ်
Feb 02,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့က သဘာဝချည်ဆိုးဆေးနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။