မိုင်းတုံမြို့နယ်ရှိ မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်‌‌ဆေး

မိုင်းတုံ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု+ပြည်နယ်ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေ (၄၆၃.၂၅)သန်းဖြင့် မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း အရှည် ၂ မိုင် ၁ ဖာလုံ၊ လမ်းအကျယ်(၁၂)ပေ လမ်းထု(၉)ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း အရှည် ၂ မိုင် ၁ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌မှုအားစစ်‌‌ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးမှုမှာ ၇၅ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေကြောင်းကို မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်ထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)