ကြံခင်းမြို့နယ်(အ.ထ.က)ခွဲ ထိန်ပင်မြောင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကြံခင်း ဖေဖော်ဝါရီ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက  ကြံခင်းမြို့နယ်၊(အ.ထ.က)ခွဲ ထိန်ပင်မြောင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ပိုးစုကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းနိုင်က ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အနာဂတ်ခေါင်းဆောင်ကောင်း ကျောင်းသား  လူငယ်များ ဖြစ်လာစေ‌ရေး ကြိုးစားကြဖို့ ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူး(၇)မျိုးအား ရှင်းလင်းပြောကြားပါသည်။

 

ထိုနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်(တာဝန်ခံ) ဦးကျော်နိုင်ဝင်း စားသုံးရန်မသင့်သော အစားအစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊(Book Club)အဖွဲ့ဝင်များဖြစ်သော ဆောင်းနတ်သျှင်(ကြံခင်း)နှင့် ရာဇာငယ်(ကနောင်)တို့က လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် စာပေလေ့လာမှတ်သားခြင်းအား အသိပညာပေး ဟောပြောခဲ့သည်။

 

ဟောပြောပွဲသို့ ကြံခင်းမြို့နယ် ပိုးစုကြီးကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊(အ.ထ.က)ခွဲ ထိန်ပင်မြောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသန္တာဦး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၄၆)ဦး တတ်ရောက်ခဲ့ကြကြောင်း၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)