မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လည် ၁ နာရီက D.YEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဉီးစွာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသိန်းက အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် Book Club အဖွဲ့အတွင်းရေးမှူး စာရေးဆရာဝင်းနွယ် (ပုသိမ်) မှ မီးရှူးတိုင်ကလေးမ ငြိမ်းစေချင်ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာဆယ်မြူရယ်စိုးလွင်မှ ပြည်ထောင်စုနေ့ဟူသောခေါင်းစဉ်ဖြင့် သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးကာ D.YEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်