ကျိုက်ထိုမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျိုက်ထို ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မူလွန် (ဘူတာ) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအ‌ကြောင်း၊‌ လူငယ်နှင့်‌ ပေါင်းသင်းဆက်ဆံရေးအကြောင်း၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရေးနှင့် ပလတ်စတစ်အန္တရာယ်အ‌ကြောင်းတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)