တပ်ကုန်း ဖေဖော်ဝါရီ ၂
တပ်ကုန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်မင်းရောင်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြို့နယ်အဆင့် အခြေခံမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဗိုလ်မှူး ဝင်းထွဋ်အောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး နောက်သင်တန်းသားများအတွက် အင်္ကျီများထောက်ပံ့ခြင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွမ်းခမ်း၊ ဗိုလ်မင်းရောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးမင်းဦးနှင့် ကျောင်းကော်မတီအဖွဲဝင်များက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသား/သင်တန်းသူလေးများက သိုင်းကွက်များ သရုပ်ပြသခဲ့သည်။
အဆိုပါ အခြေခံမြန်မာ့သိုင်းသင်တန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးသန်းထိုက်နှင့် ဦးညီဇင်ဦးတို့က အခြေခံပညာ မြန်မာ့သိုင်း(၆၃)မောင်းကို သင်ကြားပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၇၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပါသည်။
တင့်တင့်ခိုင်