ရန်ကုန် ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲ နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် အာစရိယပူဇော်ပွဲကိုကျင်းပပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၊ ညွှန်ကြားရေးမှူး ဦးဇေယျာအောင်က အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အက၊ အလှ၊ တေးသရုပ်ဖော် သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး King & Queen ရွေးချယ်ပွဲကို စတင်ခဲ့ပြီး King & Queen ရရှိသူအား ရွေးချယ်ကြေညာကာ King & Queen စလွယ်နှင့် Queen Crownများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၊ ညွှန်ကြားရေးမှူး ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးစွာဖြင့် လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)