စဉ့်ကူး ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရပ်ကွက်များအတွင်း အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် လှေကားများအား ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)