မြဝတီ ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ မြဝတီမြို့၊ လဝန်းကိုယ်ပိုင်အထက်တန်းကျောင်းတွင်(၇၇)နှစ်မြောက်ရှမ်း အမျိုးသားနေ့အကြို အထိမ်းအမှတ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါ အထက် တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာကျောင်းသား၊ ကျောင်းသူများက“ရွှေလဝန်းကျောင်း” တေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးသည်။
ဦးစွာခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက နိုင်ငံတစ်နိုင် ငံဖွံဖြိုးတိုးတက်မှုသည် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့်ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်နေစေရန်မိဘ၊ ဆရာပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အတန်းလိုက် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ ရွှေလဝန်းကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်အေးအေးဝင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းနွယ်၊ ဖိတ်ကြားထားသော ကျောင်းအုပ်ကြီးများနှင့် ဧည့်သည်တော်များက ဆုများပေးအပ်ချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက အနုပညာစွမ်းရည်များဖြင့် ဖော်ထုတ်ပြသဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)