သတင်းများ

(MSMEs) ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော မြန်အောင်မြို့ ဟင်္သာနှစ်ကောင်အမှတ်တံဆိပ် “သမားကျော်” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့်တိုင်းရင်းဆေးကုခန်း
Feb 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်လုပ်ငန်း တစ်ခု ဖြစ်သည့် မြန်အောင်မြို့ ဟင်္သာနှစ်ကောင်အမှတ်တံဆိပ် “သမားကျော်” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်းမှ တိုင်းရင်းဆေး ဆရာမဒေါ်သန်းသန်းနိုင် (တဆ ၀၁၉၃၄)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက အနောက်ဘက်ကျေးရွာအုပ်စု၊ မောင်းရုံကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်‌) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အ-မ-ကပိန္နဲကုန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Feb 05,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အ-မ-က ပိန္နဲကုန်းကျောင်း၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 05,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများ ဖွင့်လှစ်
Feb 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို ဇန်နဝါရီလမှစတင်၍ အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ခဲ့သည်။
လပွတ္တာမြို့နယ်ရှိ စက်မှုလက်မှုသင်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့သစ်ရှိ စက်မှုလက်မှု သင်တန်းကျောင်းခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံချည်ထိုးနည်းသင်တန်း ဖွင့်လှစ်
Feb 05,2024
ရှမ်းပြည််နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community centre) ခန်းမတွင် လက်မှုပညာဖြင့် အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ အခြေခံချည်ထိုးနည်းသင်တန်းကို လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမ်းလက်မေတ္တာလူမှုဖွံဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖွင့်လှစ်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းပြင်ပ ပညာသင်ကြားနေသည့် သင်တန်းသူ ၁၁ ဦးမှ စိတ်ပါဝင်စားကာ သင်ယူလေ့လာခဲ့ကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်
Feb 05,2024
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်‌ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။