သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Feb 05,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားမှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု၊ မီးငြှိမ်းသတ်ယာဉ်များဝယ်ယူထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖြည့်တင်းထားရှိမှု၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ကသာမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Feb 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို “ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့်ဆန်းစစ်ပုံ
Feb 05,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းအချိန်က ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာက ကျင်းပပြုလုပ်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို “ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ တည်းခိုနေထိုင်သည့် အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Feb 05,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ တည်းခိုနေထိုင်သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်၍ ဆေးပေးခန်းများ၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်းများ၊  တည်းခိုဆောင်များဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း(ရွာထောင်)၌ ကျင်းပခဲ့သည်။
စဉ့်ကူးမြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Feb 05,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်ကြီးနှစ်ဆူအား ဆက်လက်ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 05,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူရှိပြီး အနောက်ဘက်မုခ်ရှိ ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော်နှင့် အရှေ့ဘက်မုခ်ရှိ ဂေါဏဂုဏ်မြတ်စွာဘုရားတို့အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပြီးဖြစ်ရာ မြောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ရှိ ရုပ်တော်မူဆင်းတုတော်နှစ်ဆူ ရွှေသင်္ကန်းဆက်လက်ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ရုံးခန်းတွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့် ညစာစားပွဲ အခမ်းအနားတက်ရောက်
Feb 05,2024
လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့စာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။