လပွတ္တာ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့သစ်ရှိ စက်မှုလက်မှု သင်တန်းကျောင်းခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် စက်မှုလက်မှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရဲအုပ် ကျော်ဆန်းမှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ စက်မှုလက်မှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားများ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ စုစုပေါင်းအင်အား (၁၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)