ရန်ကုန် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို ဇန်နဝါရီလမှစတင်၍ အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ခဲ့သည်။
ဖွင့်လှစ်ရာတွင် ဇန်နဝါရီလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ အင်းစိန်မြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် ဖေဖော်ဝါရီလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ(၂၂၂)ဦးတို့ကို ရှေးဦးပြုစုခြင်းဆိုင်ရာသင်ခန်းစာများအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့သည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ လိုအပ်နေသော ပြည်သူများထံသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လူနာတင်ယာဉ်သုံးစီးဖြင့် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများကို (၂၄)နာရီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)