ပိုင်ကျုံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အ-မ-က ပိန္နဲကုန်းကျောင်း၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စိတ်ဓာတ်များ၊ ပလတ်စတစ်ညစ်ညမ်းမှု၏ဆိုးကျိုးများနှင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းပြည့်ဝပြီး လူတော်လူကောင်းဖြစ်ဖို့ရန် လိုအပ်သည့်ကြောင်းများကို ကျောင်းသား/သူများအားလုံး နားလည်သဘောပေါက်စေရန် စကောကရင်ဘာသာဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြသထားသည့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)