လွိုင်လင် ဖေဖော်ဝါရီ ၅
ရှမ်းပြည််နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community centre) ခန်းမတွင် လက်မှုပညာဖြင့် အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ အခြေခံချည်ထိုးနည်းသင်တန်းကို လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမ်းလက်မေတ္တာလူမှုဖွံဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖွင့်လှစ်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းပြင်ပ ပညာသင်ကြားနေသည့် သင်တန်းသူ ၁၁ ဦးမှ စိတ်ပါဝင်စားကာ သင်ယူလေ့လာခဲ့ကြသည်။
အဆိုပါသင်တန်းအား ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့ အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အယ်မင်း