သရက် ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)၊ မြို့နယ်ရဲမှူးတို့က မြို့နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ တည်ဆောက်ပြုပြင်ရေးကဏ္ဍနှင့် လုံခြုံရေးဆောင်ရွက်မည့် အခြေအနေနှင့် လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများအလိုက် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ သန့်ရှင်းရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)