ဒဂုံတောင် ဖေဖော်ဝါရီ ၅
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရာတွင် ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၇၂ ရပ်ကွက်တွင် မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေးပေးပြီး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ဆောင်ရန်၊ ရှောင်ရန်များကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော အင်အား (၁၀) ဦးက ရပ်ကွက်အတွင်းရှိ အိမ်ခြေ (၇၅) လုံးကို မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးပြောကြားကာ တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်ဆေးပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းသန်းအေး