မုံရွာ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားမှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု၊ မီးငြှိမ်းသတ်ယာဉ်များဝယ်ယူထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖြည့်တင်းထားရှိမှု၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များတွင် အသုံးပြုနိုင်ရန်အတွက် မီးငြှိမ်းသတ်ရေးစက်ကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးငြှိမ်းသတ်ရေးမော်တော်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ အဆိုပါရုံးဝန်းအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားရှိသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ မြို့မတိုးချဲ့ပျိုးဥယျာဉ်-၁ တွင် ၂၀၂၄-ခုနှစ်၊ မိုးရာသီ၌ ခရိုင်/မြို့နယ်များတွင် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးရန်နှင့် ပြည်သူများသို့ ဖြန့်ဝေပေး သွားမည့် ပျိုးပင်များပျိုးထောင်ထားရှိမှုနှင့် ပျိုးထောင်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တိုင်ဒေသကြီး(ပြန်/ဆက်)