ကသာ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ ကျပန်း စကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများက “ပေါင်းစည်းတူယှဉ်ပြည်ထောင်စုဉယျာဉ်”၊ “ပြည်ထောင်စုသန္ဓေ ပင်လုံမြေ” နှင့် “အမြဲတည်တံ့စေ ပြည်ထောင်စုအမွေ” ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ ကြသည်။ ကျောင်းသား/ကျောင်းသူများ၏ ကျပန်းစကားပြောပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)