ပန်းတနော် ဖေဖော်ဝါရီ ၂
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ရန်ကုန်- ပုသိမ်ကားလမ်းမကြီးဘေး ပန်းတနော်မြို့အဝင်ရှေ့တွင် စိုက်ထူခဲ့သည်။
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးခဲ့၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး ပန်းတနော်မြို့ အဝင်ရှေ့တွင် အဆိုပါဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)