မော်လမြိုင်ကျွန်း ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နံနက်ပိုင်း (၁၀)နာရီခွဲအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှု များ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်း လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော် ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် ပူးပေါင်း အဖွဲ့များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျငြှိမ်းသတ်ထားရှိရန် အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျအသုံးပြုရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ကြရန် စသည်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြား၍ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)