ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၆၅)အထက် ပြည်သူများအား စတင်ထိုးနှံပေး

ရေကြည် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ပြည်သူဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နိုင်ငံဝန်ထမ်းများနှင့် အသက် (၆၅)အထက် ပြည်သူများအား ယ‌မန်‌နေ့ နံနက် (၁၀) နာရီအချိန်မှစတင်ကာ ထိုးနှံပေး‌နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်သို့ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး မြို့ပေါ်ရပ်ကွက်များမှအသက် (၆၅)နှစ်အထက် ပြည်သူများ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်အနေဖြင့် ကျန်ရှိနေသော ရပ်ကွက်များနှင့် ကျေးရွာများမှ ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)