ပုဗ္ဗသီရိ ဇန်နဝါရီ ၃၀
ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား ဥပဒေအရ အရေးယူနိုင်သည့်ကိစ္စများ သိရှိနိုင်စေရန်ရည်ရွယ်၍ ပတ္တာနယ်မြေရဲစခန်းမှ စခန်းမှူးက အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နေမျိုးလင်းက အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းအပေါ် ဉပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေးနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)