သရက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ “ကုသကာကွယ် မူးယစ်အန္တရာယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉)နာရီက သရက်မြို့မဈေးကြီးနှင့် လမ်းသွား/လမ်းလာ ပြည်သူများအား ဖြန့်ဝေခဲ့ပါည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဝန်ထမ်းများ ဈေးရောင်းဈေးဝယ် ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား “ကုသကာကွယ် မူးယစ်အန္တရာယ်”လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)