ရွှေတောင် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ပိတောက်မြိုင်ပျိုးဥယျာဥ်တွင် နှစ်ရှည်ပင်နှင့် သီးပင်စားပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများအား ယမန်နေ့ နေလယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနတို့ ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီအထူးပျိုးပင် (၆၅၀၀၀)၊ ၂၀၂၃-ခုနှစ်၊ မိုးရာသီအထူးပျိုးပင် (၂၀၀၀) ပင်၊ လူထုဖြန့်ပျိုးပင် (၃၄၁၉) ပင်ပျိုးထောင်ထားရှိမှုနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၂၃-ခုနှစ် မိုးရာသီတွင် တမာပင် (၅၀၀၀၀) ပင်၊ မန်ကျည်း (၂၀၀၀) ပင်၊ အင် (၄၃၀၀) ပင် ပျိုးထောင်ထားရှိပြီး လူထုဖြန့်ပျိုးပင်ကျန် (၃၁၅၁၉) ပင်နှင့် ၂၀၂၄-ခုနှစ် သီးပင်စားပင် (သရက်၊ ပိန္နဲ၊ ဒန့်သလွန်၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ သခွတ်၊ ကြောင်လျှာ) (၇၀၀၀) ပင်နှင့် လူထုဖြန့်ပျိုးပင် (၄၀၀၀၀) ပင်ပျိုးထောင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)